Lwin Min Bo

Share
Earlier
အခုဖေါ်ပြတဲ့နည်းကတော့ အင်တာနက်ရှိတဲ့ နေရာတွေမှာမှ အဆင်ပြေမယ့် လုပ်နည်းပါ..။ တချို့မိတ်ဆွေများ ကြုံဖူးပါလိမ့်မယ်..။ English ဘာသာနဲ့ မဟုတ်တဲ့ ဝင်းဒိုးတွေမှာ တရုတ်ဘာသာ၊ ဂျပန်ဘာသာ၊ ထိုင်းဘာသာ စသဖြင့် Single Language နဲ့ တင်ထားတဲ့ ဝင်းဒိုးတွေမှာ ဆိုရင် တခြား Language နောက်တစ်မျိုးကို ပြောင်းသုံးလို့ မရနိုင်ပါဘူး..။ အဲ့လိုဖြစ်နေတဲ့ ဝင်းဒိုးတွေမှာ ဆိုရင်တော့.. မိမိတို့ ပြောင်းသုံးလိုတဲ့ English ဘာသာ ရဖို့ဆိုရင် ဒီပိုစ့်က လုပ်နည်းလေးနဲ့ အဆင်ပြေစေမှာပဲ ဖြစ်ပါတယ်..။ ကျန်ခဲ့တဲ့ နှစ်ပါတ်လောက်က ကျနော့် သူငယ်ချင်းတစ်ယောက်က Windows 8.1 တစ်ခွေယူလာပေးပါတယ်..။ ကျနော်ဝင်းဒိုးတင်ကြည့်တော့ ဆွီဒင်ဘာသာနဲ့ ဖြစ်နေတယ်..။ သူလည်း မရွေးတတ်လို့ တွေ့ရာယူလာတာလို့ ပြောပါတယ်..။ Single Language ဖြစ်နေတော့ E-လို ပြန်ပြောင်းဖို့လည်း မရတဲ့အတွက် ဒီအတိုင်းပဲ ဝင်းဒိုးတင်လိုက်ရတယ်..။ ဝင်းဒိုးတင်ပြီးတော့မှ ဒီပိုစ့်က နည်းအတိုင်း လုပ်ပေးလိုက်မှ English ဘာသာကို ပြောင်းလို့ ရသွားပါတယ်..။ ဒါကတော့ ကြုံကြိုက်လာလို့ လိုက်ရှာရင်း အဆင်ပြေတဲ့ လုပ်နည်းလေးမို့.. ဒီလိုကြုံတဲ့သူများ ရှိခဲ့ရင် အလွယ်တကူ အသုံးပြုလို့ ရအောင် ပိုစ့်တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်..။ ဟိုးအရင်တုန်းက အကိုတစ်ယောက် Cbox မှာ မေးဖူးပါတယ်.. သူသုံးနေတဲ့ ဝင်းဒိုးက ဂျပန်ဘာသာဖြစ်နေလို့ E-လို ပြောင်းသုံးချင်တာတဲ့..။ အဲ့တုန်းကတော့ ကိုယ်တိုင်မကြုံဖူးသေးလို့ လုပ်နည်းကို မရေးပေးဖြစ်ခဲ့ပါ..။ အခုတော့ ဒီလုပ်နည်းကို နောက်ပိုင်းလူများ အလွယ်တကူ အသုံးပြုလို့ ရအောင် ပုံလေးတွေနဲ့ အောက်မှာ တဆင့်စီ ရှင်းပြပေးထားပါတယ်..။ ကျနော်ဝင်းဒိုးတင်လိုက်တဲ့ စက်မှာ ဆွီဒင်ဘာသာနဲ့ ဖြစ်နေလို့ ဝင်းဒိုးတင်ပြီးတဲ့ အခါမှာတော့ အောက်ကပုံလေးအတိုင်း ကျနော်မဖတ်တတ်တဲ့ စာတွေနဲ့ ဖြစ်နေပါတယ်..။ လိုက်ပြောင်းပေးရမယ့် နေရာကလည်း အဲ့ဒီထဲမှာပဲ ဖြစ်နေတော့.. ဒီပိုစ့်မှာ ကြည့်ရအဆင်ပြေအောင် E-လို ပြောင်းပြီးအသုံးပြုနေတဲ့ အခုဒီ ဝင်းဒိုးနဲ့ပဲ ပုံတွေယူရင်း တခြား ဘာသာတခုဖြစ်တဲ့ တရုတ်စာနေရာကို ရွေးယူပြီး နမူနာအနေနဲ့ လုပ်ပြပေးထားပါတယ်..။ ပြောင်းလဲရမယ့် လုပ်နည်းတွေက အတူတူပဲ ဖြစ်ပါတယ်..။အပေါ်ကပုံ ၂-ပုံကတော့ ဆွီဒင်ဘာသာကနေ E-လို ပြောင်းယူပြီး ယှဉ်ပြပေးထားတဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ်..။ Windows 7 နဲ့ Windows 8 လုပ်နည်းအတူတူပဲမို့ အရင်ဆုံး မိမိတို့ ဝင်းဒိုးထဲမှ Control Panel ထဲမှ Font နေရာကနေ သွားပါတယ်..။ အောက်ကပုံလေးတွေအတိုင်းပါ..။အပေါ်ကပုံမှာ ပြထားတဲ့နေရာကို ဝင်ပြီးရင်တော့ အောက်ကပုံမှ Add a language နေရာကနေ မိမိတို့ အသုံးပြုလိုတဲ့ ဝင်းဒိုး System Language ကို ရွေးယူပြီး ဒေါင်းယူ Install ထည့်ပေး ရမှာပဲ ဖြစ်ပါတယ်..။ဒီပုံမှာတော့ ကျနော်က တရုတ်ဘာသာကို ရွေးယူပြထားပါတယ်..။ အရင်လုပ်ခဲ့တာကတော့ E-လို ပြောင်းတာဖြစ်လို့ အောက်ကပုံမှ အပြာရောင်နဲ့ ပြထားတဲ့ English နေရာကို ကလစ်ပြီး လုပ်သွားတာ ဖြစ်ပါတယ်..။ ဘယ်လိုပဲ ဖြစ်ဖြစ် မိမိတို့ ပြောင်းလဲ အသုံးပြုလိုတဲ့ ဘာသာစကားကို အောက်ကနည်းတွေအတိုင်း ရွေးယူပြီး [...]
Tue, Mar 25, 2014
လွင်မင်းဗိုလ်
ဒီ Activator လေးက Windows 8.1/8/7/2008/2012 နဲ့ Office 2010/2013 တို့ကို Active ဖြစ်အောင် လုပ်ပေးနိုင်တဲ့ကောင်လေးပါ..။ အရင်တင်ပေးခဲ့ဖူးတဲ့ ဗါးရှင်းက Windows 8.1 ကို မနိုင်တဲ့အတွက် ဒီနောက်ထွက် ဗါးရှင်းလေးကို ထပ်တင်ပေးလိုက်တာပါ..။ ကျန်ခဲ့တဲ့တစ်ပါတ်က ကျနော့်စက်မှာ Windows 8.1 တင်ပြီး.. ဒီကောင်လေးနဲ့ Activate လုပ်ယူလို့ အဆင်ပြေသွားတဲ့ ဗါးရှင်းလေးပဲဖြစ်ပါတယ်..။ အသုံးပြုနည်းက အရင်ပိုစ့်က နည်းအတိုင်းဖြစ်ပြီး.. ဒီပိုစ့်မှာလည်း ပုံလေးတွေနဲ့ အသုံးပြုတတ်အောင် ပြန်လည် ပြပေးထားပါတယ်..။ ဒီကောင်လေးကို ဖွင့်ပြီး အသုံးပြုတော့မယ်ဆိုရင်တော့ Antivirus တွေနဲ့ ဝင်းဒိုး Firewall ကို ပိတ်ထားပြီးမှ အသုံးပြုလို့ အဆင်ပြေမှာ ဖြစ်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 2.8 MB ရှိပါတယ်..။ KMSpico 9.2.1.0 Install Edition(OR)KMSpico 9.2.1.0 Install EditionInstall ထည့်ပြီးတာနဲ့ C: ထဲက ဒီကောင်လေးရဲ့ ဖိုဒါလေးထဲမှာ အောက်ကပုံလေးအတိုင်း တဆင့်စီဝင်သွားပြီး အသုံးပြုနိုင်ပါပြီ..။ Right Click >> Run as administrator နဲ့ ဖွင့်သုံးပါ..။. Tokens Backup နေရာကို အရင် တချက်နှိပ်ပြီးမှ အနီလုံးကို ဆက်နှိပ်ပါ..။.. အောက်ကပုံလေးတွေကတော့ Windows 8.1 နဲ့ MS 2013 ကို Activate ဖြစ်သွားတဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ်..။. အများကြီး မရှင်းပြတော့ပါ..။ ပုံလေးတွေကြည့်ပြီး အသုံးပြုတတ်လိမ့်မယ် ထင်ပါတယ်..။ အားလုံးပဲ အဆင်ပြေပါစေ..။ [...]
Mon, Mar 24, 2014
လွင်မင်းဗိုလ်
IDM နောက်ဆုံး Update လေးပါ..။ Update ထွက်နေတာ ၃၊၄ ရက်လောက် ရှိသွားပါပြီ..။ ဒီနေ့မှပဲ တင်ပေးဖြစ်ပါတယ်..။ Browser တွေ Update တက်သွားတိုင်း IDM တွေ အလုပ်မလုပ်တော့တဲ့အတွက် ဒီလို IDM နောက်ဆုံးထွက်လေးတွေကို Install ထပ်ထည့်ပေးမှ IDM ကို အသုံးပြုလို့ ရတာပါ..။ နောက်ဆုံး Update ကို Install ထည့်ပြီးရင်တော့ ဖူးသုံးလို့ မရတော့ပဲ Serial Key တောင်းပါတယ်..။ အဲ့လိုဖြစ်နေတဲ့ သူများကတော့ ဒီနောက်ဆုံး Update ဖိုင်လေးထဲမှ crack or patch နဲ့ ဖူးဖြစ်အောင် ပြန်လုပ်ပေးပြီး ဆက်ပြီး အသုံးပြုလို့ ရပါတယ်..။ ဒီဒေါင်းလော့ဖိုင်လေးထဲမှာ patch ဖိုင်လေးနဲ့ crack ဖိုင်လေး ၂-မျိုးကို ပေါင်းထည့်ပေးထားပါတယ်..။ ဖူးဖြစ်အောင် လုပ်နည်းတွေက Blog ညာဘက် အပေါ်ဆုံးမှာ တင်ပေးထားတဲ့ ပိုစ့်တွေ အတိုင်းပါပဲ..။ crack နဲ့ ဖူးဖြစ်အောင် လုပ်မယ့်သူများကတော့ အောက်ကပုံမှာ ပြပေးထားတဲ့ crack ၂-ခုကို ထည့်ပေးပြီး ဖူးလုပ် အသုံးပြုနိုင်ပါတယ်..။ ဒီနောက်ဆုံးထွက် Update လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 7 MB ရှိပါတယ်..။Internet Download Manager 6.19 Build 3 Final crack နဲ့ ဖူးဖြစ်အောင် လုပ်မယ့်သူများကတော့ နောက်ဆုံး Update ကို install ထည့်ပြီးတာနဲ့ ပိတ်ပစ်လိုက်ပါ..။ အောက်ကပုံမှာ အနီဝိုင်းပြထားတဲ့ ဖိုင်လေးကို C: ထဲက IDM ဖိုဒါလေးထဲမှာ သွားထည့်ပေးပြီး ၊ အပြာရောင်နဲ့ ဝိုင်းပြထားတဲ့ 32/64 ၂-ခုထဲက မိမိတို့ ဝင်းဒိုးဗါးရှင်းနဲ့ တူတဲ့ ဖိုင်လေးကို ၂-ချက်တောက်ပြီး Run ပေးလိုက်ရင် IDM နောက်ဆုံးထွက်တွေကို ဖူးသုံးလို့ ရသွားပါပြီ..။ အားလုံးပဲ အဆင်ပြေပါစေ..။ [...]
Mon, Mar 24, 2014
လွင်မင်းဗိုလ်
ကျနော် အခုတလော ကိစ္စတွေများပြီး အလုပ်တွေရှုပ်နေလို့ ပိုစ့်တွေလည်း ပုံမှန်မတင်ပေးဖြစ်ပါ..။ ကျနော်အသုံးပြုနေကျ အင်တာနက်ကလည်း 3G ကနေ 4G ကို Upgrade မြှင့်တယ်ဆိုပြီး လိုင်းတွေ အားလုံးကြောင်နေလို့ လိုင်းဖွင့်တိုင်း အသုံးပြုလို့ မရတဲ့အချိန်က ပိုများပါတယ်..။ လိုင်းမကောင်းသေးတဲ့အတွက် ဆော့ဝဲလ်တွေ Upload တင်ပေးဖို့ အဆင်မပြေသေးလို့ ဒီလုပ်နည်းလေးကိုပဲ အချိန်ရတုန်းလေး အားလုံးပဲ အသုံးပြုတတ်အောင် ပုံလေးတွေနဲ့ တင်ပေးလိုက်ပါတယ်..။ ဒီ WIFI ပြန်ထုတ်နည်းက Windows 8 နဲ့ Windows 7 တွေမှာ ကျနော် အသုံးပြုပြီး အဆင်ပြေတဲ့ နည်းလေးပဲ ဖြစ်ပါတယ်..။ လုပ်နည်းက သိပ်တော့ မခက်ပါဘူး..။ အောက်မှာ ပုံလေးတွေနဲ့ ကြည့်ပြီး လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ Laptop တွေမှာတော့ အားလုံး အဆင်ပြေစေမှာ ဖြစ်ပြီး.. PC (Desktop) တွေမှာ ဆိုရင်တော့ Wireless Card ဆိုက်ထားတဲ့ WIFI အသုံးပြုလို့ ရတဲ့ စက်တွေမှာပဲ အဆင်ပြေမှာပါ..။ အရင်တုန်းကတော့ Connectify Pro ဆော့ဝဲလ်မျိုးတွေကို အသုံးပြုပြီးမှ WIFI ထုတ်လို့ ရတာဖြစ်ပြီး၊ အခုကတော့ ဆော့ဝဲလ်မလိုတော့ပဲ CMD ထဲမှာ စာကြောင်းအနည်းငယ် ရိုက်ထည့်ပြီး Setting မှာ လိုအပ်တာလေးတွေ လိုက်ပြောင်းပေးလိုက်ရင် မိမိတို့ စက်ကနေ WIFI ပြန်ထုတ်ယူပြီး ဖုန်းတွေနဲ့ တခြား ကွန်ပျူတာတွေမှာ အင်တာနက်ကို ကောင်းစွာအသုံးပြုလို့ ရသွားပါပြီ..။ အသုံးလိုတဲ့သူများအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။အောက်ကဇယားကွက်လေးထဲမှ စာသားတွေကို Command Prompt မှာ ရိုက်ထည့်ပေးပါ..။ အပြာရောင်နဲ့ ပြထားတဲ့ နာမည်နဲ့ ဂဏန်းနေရာတွေမှာ မိမိတို့နာမည်နဲ့ နံပါတ်တွေကို ပြောင်းရိုက်ထည့်ပေးလိုက်ရင် ရပါပြီ..။ key နေရာကတော့ မိမိတို့ ပြန်ထုတ်လွှတ်ထားတဲ့ WIFI ကို အသုံးပြုတဲ့အခါ ရိုက်ထည့်ပေးရမယ့် Password တွေပဲ ဖြစ်ပါတယ်..။ netsh wlan show driversnetsh wlan set hostednetwork mode=allow ssid=Lwinminbo key=12345678netsh wlan start hostednetworkအပေါ်မှာ ပေးထားတဲ့ စာကြောင်း သုံးကြောင်းကို Command Prompt ထဲမှာ ရိုက်ထည့်ပေးရမှာဖြစ်လို့ အရင်ဆုံး Command Prompt ကို အောက်ကပုံလေးတွေအတိုင်း ဖွင့်ပါတယ်..။ Administrator နဲ့ ဖွင့်ပါ..။ Windows 7 မှာ ဆိုရင်တော့ Search နေရာမှာ Command Prompt လို့ ရိုက်ထည့်ပြီး ပေါ်လာတဲ့ စာသားတွေထဲက Command Prompt စာသားပေါ်မှာ Right Click >> Run as administrator နဲ့ ဖွင့်ပါ..။ ဒီပိုစ့်မှာတော့ ကျနော် Windows 8 နဲ့ပဲ လုပ်ပြထားပါတယ်..။အောက်ကတော့ Command Prompt ဖွင့်နည်း နောက်တမျိုးပါ..။ Command Prompt ကို Admin နဲ့ [...]
Fri, Mar 14, 2014
လွင်မင်းဗိုလ်
ဒီဆော့ဝဲလ်လေးကို သူငယ်ချင်းတစ်ယောက်က တင်ပေးဖို့ တောင်းထားတာ အနည်းငယ် ကြာသွားပါပြီ..။ အခုတလော ကျနော်အသုံးပြုနေတဲ့ အင်တာနက် Connection က လုံးဝကို မကောင်းတဲ့အတွက် ကျနော့် Blog ကို ပြန်ကြည့်ဖို့တောင် အတော်လေး ခက်ခဲနေပါတယ်..။ ဖိုင်တွေတင်ပေးဖို့ဆိုတာ ပိုဝေးပေါ့..။ အခုတောင် အားတုန်း Wifi ရှိတဲ့ သူငယ်ချင်းတို့ရဲ့ နေရာတွေ လိုက်ပြီး အသုံးပြုနေလို့ ဒီနေ့ ဒီပိုစ့်ကို တင်ပေးဖြစ်တာပါ..။ ဒီဆော့ဝဲလ်လေးက Bluetooth နဲ့ အသုံးပြုရသလိုပဲ.. Bluetooth မရှိတဲ့ ကွန်ပျူတာတွေအတွက် အတော်လေး အဆင်ပြေစေပါတယ်..။ PC (Desktop) တွေမှာဆိုရင်တော့ Wifi သုံးလို့ရအောင် Wireless Card စိုက်ထားတဲ့ PC တွေနဲ့ D-Link လို USB ပေါက်ကနေ အသုံးပြုလို့ရတဲ့ External Wireless Card တပ်ဆင်ထားတဲ့ PC တွေမှာဆိုရင် ဒီကောင်လေးကို အသုံးပြုလို့ အဆင်ပြေပါတယ်..။ မိမိတို့ရဲ့ ဓါတ်ပုံတွေ၊ Video တွေနဲ့ ဆော့ဝဲလ်ဖိုင်တွေကို ကွန်ပျူတာနဲ့ ဖုန်းတွေ (သို့) ဖုန်းအချင်းချင်းပါ Bluetooth နည်းတူ အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ အားသာချက်က ဖိုင်တွေပို့တဲ့အခါ Bluetooth ထက် အဆပေါင်းများစွာ ပိုမြန်ပါတယ်..။ ကွန်ပျူတာတွေမှာ ဆိုရင်တော့ Wifi ပါ ပြန်လည် ထုတ်လွှတ်ပေးနိုင်ပါတယ်..။ ဒီဒေါင်းလော့ဖိုင်လေးထဲမှာ ကွန်ပျူတာအတွက် ဖိုင်အပြင် Android စမတ်ဖုန်းတွေအတွက်ပါ ဖိုင် ၂-ခုကို ပူးတွဲ တင်ပေးထားပါတယ်..။ Android ဖုန်းတွေအတွက်ကတော့ Playstore မှာ ဝင်ယူလို့လည်း ရပါတယ်..။ Playstore ဝင်လို့ မရတတ်တဲ့ Android ဖုန်းတွေအတွက်တော့ ဒီဒေါင်းလော့ဖိုင်ထဲမှ APK ဖိုင်လေးကို ဖုန်းထဲမှာ Install ထည့်ပြီး အသုံးပြုနိုင်ပါတယ်..။ ဟိုးအရင်တုန်းက ဗါးရှင်းက တရုတ်စာသားတွေနဲ့ ဖြစ်လို့ ဘယ်လို စသုံးရမှန်းမသိခဲ့ကြပါဘူး..။ အခုဒီဗါးရှင်းလေးမှာတော့ E-လိုနဲ့ Update ထွက်လာတာဖြစ်လို့ ကျနော်တို့အတွက် အသုံးပြုရ အဆင်ပြေစေပါတယ်..။ အသုံးပြုလိုတဲ့ ဖုန်းတွေနဲ့ ကွန်ပျူတာတွေမှာ ဒီဆော့ဝဲလ်ကို ၂-နေရာစလုံး ထည့်ထားပြီးမှ အသုံးပြုလို့ ရမှာပါ..။ အောက်မှာလည်း ကျနော့် ကွန်ပျူတာနဲ့ဖုန်း အသုံးပြုထားတဲ့ ပုံလေးတွေကို ပြပေးထားလို့ လေ့လာကြည့်ရင်း အသုံးပြုတတ်သွားပါလိမ့်မယ်..။ အသုံးပြုလိုတဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.7 MB ရှိပါတယ်..။ Zapya 2.1.0 Final (OR)Zapya 2.1.0 Final ကွန်ပျူတာမှာ Install ထည့်ပြီးရင်တော့ နာမည်နဲ့ ပါတ်စ်ဝါဒ့်ကို မိမိတို့ စိတ်ကြိုက် ပြောင်းထားလိုရင်တော့ အောက်ကပုံနေရာမှာ ကလစ်ပြီး ပြောင်းထားနိုင်ပါတယ်..။ ပါတ်စ်ဝါ့ဒ်မှာ ၈-လုံးထားပေးရပါတယ်..။ နာမည်ကိုတော့ စိတ်ကြိုက်ထားပါ..။အောက်ကပုံမှာ Android ဖုန်းကနေ ရှာယူတာပါ..။ဖုန်းကနေ ရှာဖို့ အပေါ်ပုံမှ အဝါရောင် နေရာကို နှိပ်ပြီးရှာပါ..။ ဖုန်းအချင်းချင်း ဆက်သွယ်မယ်ဆိုရင်တော့ ဖုန်း၂-လုံးစလုံးမှာ ဒီဆော့ဝဲလ်ကို ထည့်ထားပြီး လက်ခံယူမယ့်ဖုန်းက Create Group အပြာရောင် စာသားနေရာကို နှိပ်လိုက်ပါ..။ ပြီးမှ ပို့ပေးချင်တဲ့ ဖုန်းက အဝါရောင် စာသားကို [...]
Thu, Feb 20, 2014
လွင်မင်းဗိုလ်
RAR Password Unlocker is to find the lost password for the RAR file for you to extract the files in the archive easily. This RAR password remover supports all versions of RAR archives. It can recover password no matter how long and how complex it is. Enhanced by brute-force attack, brute-force with mask attack, dictionary attack, it works effectively and efficiently. Moreover, it is the ever easiest-to-use program even a new user can get used to it in less than a minute. တချို့ဆိုဒ်တွေမှာ WinRAR ဖိုင်တွေကို Password ခံပြီးတင်ပေးလေ့ရှိပါတယ်..။ အဲ့လို ပါတ်စ်ဝါဒ့်ခံထားတဲ့ WinRAR ဖိုင်တွေကို ဒီကောင်လေးက ပါတ်စ်ဝါဒ့်တွေ ရှာဖွေပေးပြီး R ဖိုင်တွေကို ဖွင့်လို့ ရအောင် ပြုလုပ်ပေးနိုင်ပါတယ်..။ ဒီနောက်ဆုံးထွက်လေးကို ဖူးသုံးလို့ရအောင် patch ဖိုင်လေးနဲ့ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်..။ patch ထည့်နည်းက အရင်ပိုစ့်တွေနဲ့ အတူတူပဲဖြစ်လို့ ဒီပိုစ့်မှာတော့ လိုအပ်တဲ့ အပိုင်းလေးကိုပဲ ပြပေးထားပါတယ်..။ အသုံးပြုတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 12.7 MB ရှိပါတယ်..။RAR Password Unlocker 5.0 Final(OR) RAR Password Unlocker 5.0 FinalInstall ထည့်ပြီးတာနဲ့ ပိတ်ပစ်ပြီး အရင် patch ထည့်နည်းပိုစ့်တွေအတိုင်း patch ဖိုင်လေးကို C: ထဲက ဒီဆော့ဝဲလ်ရဲ့ Install ဖိုဒါလေးထဲမှာ ထည့်ပေးပြီး Run ပေးလိုက်ရင် ဒီဆော့ဝဲလ်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ အောက်ကပုံတွေမှာ ပြထားတဲ့အတိုင်း patch စာသားကို နှိပ်ပြီး လုပ်ပေးလိုက်ပါ..။နောက်ပေါ်လာတဲ့ ဘောက်စ်ထဲမှာတော့ အောက်ကပုံလေးအတိုင်း R ဖိုင်ပုံလေးကို တချက်ကလစ်ပေးပြီး Open နဲ့ ဝင်သွားလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။အသုံးပြုတဲ့အခါမှာတော့ အောက်ကပုံမှာ ပြထားတဲ့ အတိုင်း ကလစ်ပြီး password ပိတ်ထားတဲ့ R ဖိုင်ကို ရွေးယူပေးလိုက်ပါ..။ရှာနည်း သုံးမျိုးမှာ အောက်ကပုံအတိုင်း သူပေးထားတဲ့ အလယ်ကနည်းနဲ့ပဲ [...]
Thu, Feb 20, 2014
လွင်မင်းဗိုလ်
Photodex ProShow Gold ဆော့ဝဲလ်လေးနဲ့ ဓါတ်ပုံတွေကို စလိုက်ရှိုး Video ဖိုင်လေးတွေဖြစ်အောင် ဖန်တီးယူလို့ ရသလို ၊ မိမိတို့ရဲ့ Video တွေမှာလည်း Video Effects တွေထပ်ထည့်ပြီး ၊ Effects တွေ အများကြီးနဲ့ ကြည့်လို့ကောင်းအောင် ဖန်တီးယူလို့ ရပါသေးတယ်..။ ဒီဆော့ဝဲလ်လေးကို ဟိုးအရင်တုန်းကလည်း တင်ပေးခဲ့ဖူးပါတယ်..။ ကြာပြီဖြစ်လို့ ဒေါင်းယူလို့ မရတော့တဲ့အတွက် ဒီနေ့တော့ ဒီနောက်ဆုံးထွက် Update ဗါးရှင်းလေး ရလာလို့.. အသုံးပြုလိုတဲ့သူများအတွက် အဆင်ပြေအောင် ပြန်လည်တင်ပေးလိုက်ပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် Keymaker လေးနဲ့ တွဲတင်ပေးထားဖြစ်ပြီး၊ အရင်လက ပိုစ့်မှာတော့ crack, patch, keymaker သုံးမျိုးနဲ့ တင်ပေးခဲ့တာဖြစ်ပါတယ်..။ အရင်ကပိုစ့်မှာ ကျနော်က crack ဖိုင်လေးနဲ့ ဒီဆော့ဝဲလ်ကို ဖူးဖြစ်အောင် ၊ ဖူးသုံးလို့ ရအောင် လုပ်ပြပေးထားပြီး ပြန်ကြည့်လို၊ ပြန်ဒေါင်းယူလိုရင်တော့ ဒီလင့်မှာပါ..။ Video Effects တွေ ထည့်သုံးတတ်အောင် ပိုစ့်ရဲ့ အောက်ဆုံးမှာ လေ့ကျင့်ခန်း Video ဖိုင်တွေကို ဝင်ကြည့်လေ့လာလို့ ရမယ့် YouTube က လင့်လေးကို ပြန်ရှာတင်ပေးထားပါတယ်..။ အဲ့ဒီလင့်ကနေ ဝင်သွားလိုက်ရင်တော့ ဒီဆော့ဝဲလ်နဲ့ Video Edit လုပ်ပြထားတဲ့ Video ဖိုင်လေးတွေ အများကြီးကို လေ့လာသင်ယူလို့ ရမှာပဲ ဖြစ်ပါတယ်..။ ဒီနောက်ဆုံးထွက် ဗါးရှင်းလေးကို ဖူးဖြစ်အောင် Keymaker လေးနဲ့ လုပ်တတ်အောင် အောက်မှာပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 51 MB ရှိပါတယ်..။Photodex ProShow Producer 6.0.3410 Final(OR)Photodex ProShow Producer 6.0.3410 Final အောက်ကပုံလေးတွေအတိုင်း Install အရင်ထည့်သွားလိုက်ပါ..။Install ပြီးရင်တော့ No ပေးပြီး ပိတ်ပစ်လိုက်ပါ..။ ပြီးရင်တော့ Keymaker လေးကို အောက်ကပုံလေးအတိုင်း Run ပေးပြီး၊ Generate ကို တချက်ကလစ်ပါ..။ Complete စာသားပေါ်လာရင်တော့ Exit နဲ့ Keymaker ကို ပိတ်ပစ်လိုက်လို့ ရပါပြီ..။ ဒါဆိုရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပြီဖြစ်ပါတယ်..။ လိုအပ်ရင်တော့ စက်ကို Restart ချပေးလိုက်ပါ..။ Video ဖိုင်လေးတွေနဲ့ အသုံးပြုနည်းတွေကို လေ့လာလိုရင်တော့ အောက်ဆုံးမှ လင့်ကနေ ဝင်ရောက် လေ့လာသင်ယူနိုင်ပါတယ်..။ အားလုံးပဲ အဆင်ပြေပါစေ..။http://www.youtube.com/playlist?list=PL9A5C5A980801633D [...]
Mon, Feb 17, 2014
လွင်မင်းဗိုလ်
ကွန်ပျူတာနဲ့ Browser တွေကို မြန်ဆန်သွက်လက်အောင် အမှိုက်တွေ ရှင်းလင်းပေးတဲ့ ဆော့ဝဲလ် ပရိုဂရမ်တွေထဲမှာတော့ ဒီကောင်လေးက နာမည်ကြီး ဆော့ဝဲလ်တခုပါ..။ အရင်ကလည်း ဗါးရှင်း မျိုးစုံ တင်ပေးခဲ့တဲ့ ဒီကောင်လေးကို အသုံးမပြုတတ်သေးတဲ့ သူများကတော့.. အသုံးပြုနည်းပိုစ့်ကို ဒီမှာနှိပ်ပြီး ဝင်ကြည့်နိုင်ပါတယ်..။ ဒီကောင်လေးကို အသုံးမပြုခင် အရင်ဆုံး မိမိတို့ ကွန်ပျူတာကို Restore Point လေးတွေ ဖန်တီးထားဖို့ လိုအပ်ပါတယ်..။ အသုံးပြုပြီးရင်လည်း စက်ကို Restart ချပေးပြီးမှ၊ ဝင်းဒိုး ပြန်ပွင့်လာမှ ဆက်လက် အသုံးပြုသင့်ပါတယ်..။ ဒါမှသာ မိမိတို့ ဝင်းဒိုးကို အဆင်ပြေပြေ အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ ဒီနောက်ဆုံးထွက် ဗါးရှင်းလေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 38.6 MB ရှိပါတယ်..။ Advanced SystemCare 7 Free 7.2.0.431 Final(OR) Advanced SystemCare 7 Free 7.2.0.431 Final [...]
Mon, Feb 17, 2014
လွင်မင်းဗိုလ်
ဒီကောင်လေးကလည်း Screen Recorder လေးပါပဲ..။ Screen Record အပြင် Capture နဲ့ပါ ဓါတ်ပုံတွေ ရိုက်ယူလို့ ရပါတယ်..။ ရိုက်ယူပြီးသား ဓါတ်ပုံတွေပေါ်မှာ အညွှန်းများတွေ တပ်တာ၊ ဖြတ်တာ စတဲ့ အသုံးဝင် Tool တွေကို ဒီကောင်လေးနဲ့တခါတည်း ပြုလုပ်ယူလို့ ရပါတယ်..။ ဖူးသုံးလို့ ရအောင် ကီးတွေအပြင် keygen လေးပါ ထည့်ပေးထားပါတယ်..။ ဒီပိုစ့်မှာ ကျနော်ကတော့ ကီးတွေထည့်ပြီး Install ထည့်လို့ ရအောင် ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 68 MB ရှိပါတယ်..။Techsmith SnagIt 11.4.1 Build 195 Final (OR)Techsmith SnagIt 11.4.1 Build 195 Final Install ထည့်တဲ့ အချိန်မှာ အောက်ကပုံလေးအတိုင်း Notepad မှ ကီးတွေ ထည့်ပြီး Install ထည့်သွားလိုက်ရင် ဖူးသုံးလို့ ရသွားပါပြီ..။ Finish ပေးပြီးရင်တော့ မိမိတို့ လိုသလို အသုံးပြုနိုင်ပါပြီ..။ အားလုံးပဲ လေ့လာရင်း အဆင်ပြေကြပါစေ..။ [...]
Fri, Feb 14, 2014
လွင်မင်းဗိုလ်
မိမိတို့ Desktop ပေါ်မှာ Screen Video တွေ ရိုက်ယူချင်တယ်ဆိုရင်တော့ ဒီဆော့ဝဲလ်လေးနဲ့ အဆင်ပြေပါတယ်..။ မောက်စ်နေရာမှာ အရောင်လေးနဲ့ပါ ပေါ်နေအောင် Video တွေ ရိုက်ယူပေးနိုင်တဲ့ ဒီဆော့ဝဲလ်လေးကို ဖူးသုံးလို့ ရအောင် keygen လေးနဲ့ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်..။ အောက်မှာလည်း ဖူးသုံးလို့ keygen လေးနဲ့ ကီးတွေ ယူထည့်တတ်အောင် ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 10 MB ရှိပါတယ်..။ZD Soft Screen Recorder 6.1 Final (OR)ZD Soft Screen Recorder 6.1 Final Install ထည့်ပြီးရင်တော့ ကီးတွေကို အောက်ကပုံလေးအတိုင်း keygen မှ ယူပြီး ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ အပေါ်ပုံတွေအတိုင်း ဖူးဖြစ်သွားရင် အသုံးပြုတဲ့အခါမှာ အောက်မှ မျှားပြထားတဲ့ နေရာကိုကလစ်ပြီး အသုံးပြုနိုင်ပါပြီ..။ Screen အပြည့်နဲ့ လိုအပ်တဲ့ အပိုင်းလေးကိုပဲ ရိုက်ယူချင်တယ်ဆိုရင်တော့ အပေါ်ပုံမှ မျှားအပြာရောင် ပြထားတဲ့ နေရာတွေကို ကလစ်ပြီး ရွေးယူအသုံးပြုနိုင်ပါတယ်..။ အောက်ကပုံမှာတော့ Cursor နေရာမှာ ဝင်ပြီး လိုက်ပြောင်းပေးလိုက်တာပါ..။ မောက်စ်မျှားနေရာမှာ အရောင် ပြောင်းလို့လဲရပါတယ်..။ မျှားအစိမ်းနဲ့ ပြထားတဲ့ နေရာကတော့ ပုံရိုးရိုး ရိုက်ယူလို့ ရတဲ့ နေရာလေးပါ..။ စမ်းသပ်ရင်း အသုံးပြုတတ်သွားပါလိမ့်မယ်..။ အားလုံးပဲ အဆင်ပြေပါစေ..။ [...]
Fri, Feb 14, 2014
လွင်မင်းဗိုလ်
ဒီကောင်လေးက နာမည်ရှိတဲ့ Recovery ဆော့ဝဲလ်တစ်ခုပါ..။ မိမိတို့ရဲ့ မှားဖျက်မိလိုက်တဲ့ ဓါတ်ပုံတွေနဲ့ သီချင်း Video တွေကို ဒီကောင်လေးက ပြန်ရှာယူပေးနိုင်ပါတယ်..။ အသုံးပြုရလွယ်ကူပြီး ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် keygen လေးနဲ့ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်..။ အောက်မှာလည်း ပုံလေးတွေနဲ့ ဖူးဖြစ်အောင် လုပ်တတ်အောင်နဲ့ အသုံးပြုတတ်အောင် ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 9.8 MB ရှိပါတယ်..။Stellar Phoenix Photo Recovery 6.0.0.1 Final(OR) Stellar Phoenix Photo Recovery 6.0.0.1 FinalInstall ထည့်ပြီးတာနဲ့ ဖွင့်လိုက်ပါ..။ ပြီးရင်တော့ keygen ထဲမှ ကီးတွေကို Generate စာသားနေရာကို ကလစ်ပြီး ကီးတွေယူထည့်ပေးလိုက်ရင် ဖူးသုံးလို့ ရသွားပါပြီ..။ keygen မှကီးတွေကို အောက်ကပုံလေးအတိုင်း ထည့်ပေးလိုက်ပါ..။ အပေါ်ကပုံအတိုင်း Successfully ဆိုရင်တော့ ဖူးသုံးလို့ ရသွားပြီဖြစ်လို့ အောက်ကပုံလေးအတိုင်း မျှားပြထားတဲ့ နေရာကို ကလစ်ပြီး အသုံးပြုနိုင်ပါပြီ..။ မိမိတို့ ပြန်ရှာမယ့် ဟတ်ဒစ်အပိုင်းကို အောက်ကပုံလေးအတိုင်း ရွေးပြီး၊ ကလစ်ပြီး အောက်ဆုံးက Scan ကို နှိပ်လိုက်ပါ..။ 100% ပြည့်တဲ့အထိ စောင့်နေပေးလိုက်ပါ..။ ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ်လောက်ပါပြီ..။ အားလုံးပဲ အဆင်ပြေပါစေ..။ [...]
Wed, Feb 12, 2014
လွင်မင်းဗိုလ်
ဝင်းဒိုးအခွေတွေကို USB Pendrive တွေနဲ့ ဝင်းဒိုးတင်လို့ ရအောင် ပြုလုပ်ချင်တယ်ဆိုရင်တော့ ဒီဆော့ဝဲလ်လေးနဲ့ အဆင်ပြေပါတယ်..။ ဟိုးအရင်တုန်းကလည်း ဗါးရှင်း အဟောင်းလေး တခု တင်ပေးခဲ့ဖူးပါတယ်..။ အရင်က ကျနော် အမြဲသုံးဖြစ်တဲ့ ဒီဆော့ဝဲလ်လေးကတော့ မနေ့ကမှ Update အသစ် ထွက်လာတာလေးပါ..။ အသုံးပြုတတ်အောင် ဒီဆော့ဝဲလ်လေးမှာ လမ်းညွှန်ပေးနိုင်တဲ့ ပုံလေးတွေ ပါလာတဲ့အတွက်၊ အသုံးပြုလိုတဲ့သူများအတွက် အဆင်ပြေစေပါတယ်..။ အောက်မှာလည်း ကျနော် ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 1 MB ပဲ ရှိပါတယ်..။ZOTAC WinUSB Maker 1.1 Final(OR) ZOTAC WinUSB Maker 1.1 Final ဒီကောင်လေးကို မျှားပြထားတဲ့ နေရာမှာ ကလစ်ပေးလိုက်ရင်တော့ အောက်ဆုံးပုံလေးတွေအတိုင်း အသုံးပြုတတ်အောင် ပြပေးပါလိမ့်မယ်..။ အသုံးပြုသူများ အားလုံးပဲ ပုံလေးတွေ ကြည့်ရင်း အဆင်ပြေ နားလည်လိမ့်မယ်လို့ ထင်ပါတယ်..။ [...]
Wed, Feb 12, 2014
လွင်မင်းဗိုလ်
ဒီဆော့ဝဲလ်လေးကို မတင်ပေးဖြစ်တာ အတော်ကြာသွားပါပြီ..။ ဒီကောင်လေးကတော့ နောက်ဆုံးထွက် Update လေးပါ..။ မိမိတို့ရဲ့ Computer နဲ့ Browser တွေကို အမှိုက်တွေရှင်းပြီး သွက်လက်မြန်ဆန်အောင် ပြုလုပ်ပေးနိုင်တဲ့ System Tool လေးဖြစ်ပြီး၊ ဒီကောင်လေးကို အသုံးမပြုခင် ဝင်းဒိုး Recovery အတွက် Restore Point လေးတွေ ဖန်တီးထားပြီးမှ အသုံးပြုသင့်ပါတယ်..။ အသုံးပြုပြီးရင်လည်း စက်ကို Restart ချပြီးမှ ဆက်ပြီးသုံးပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ကီးတွေ ထည့်ပေးထားပြီး ဒီပိုစ့်မှာ ဒီဆော့ဝဲလ်ကို အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ပြန်ပြပေးထားပါတယ်..။ ကီးတွေ ထည့်နေတဲ့အချိန်မှာ အင်တာနက်ကို ဖွင့်ထားပြီးမှ ကီးတွေ ထည့်ပါ..။ အသုံးပြုရလွယ်ကူတဲ့ ဒီဆော့ဝဲလ်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 21 MB ရှိပါတယ်..။ကျနော့်ဆီမှာ Upload Speed တအားနှေးနေတဲ့အတွက် ဒီနေ့တင်ပေးတဲ့ ဆော့ဝဲလ်တွေကို Upload ဆိုဒ်တခုမှာပဲ တင်ပေးလို့ ရပါတယ်..။ ဒါကြောင့် အောက်က ဘယ်လင့်ကနေပဲ သွားသွား အဲ့ဒီဆိုဒ်ဆီကိုပဲ ရောက်မှာဖြစ်ပါတယ်..။Uniblue PowerSuite Pro 2014 4.1.8.0 Multilingual Final(OR) Uniblue PowerSuite Pro 2014 4.1.8.0 Multilingual FinalInstall ထည့်ပြီးရင်တော့ ပိတ်ပစ်လိုက်ပြီး အောက်ကပုံလေးအတိုင်း ကီးတွေကို ထည့်ပေးလိုက်ရင် ဖူးသုံးလို့ ရသွားပါပြီ..။ ကီးတွေ ထည့်နေတဲ့အချိန်မှာ အင်တာနက်ကို ဖွင့်ထားပြီးမှ ကီးတွေ ထည့်ပါ..။ အပေါ်ကပုံအတိုင်း Successfully ဆိုရင်တော့ Finish ပေးပြီး အောက်ကပုံလေးအတိုင်း Scan နဲ့ အသုံးပြုလို့ ရပါပြီ..။ အောက်ကပုံကတော့ နောက်တခုနဲ့ Scan လုပ်လို့ ရပါတယ်..။ ကျနော်ကတော့ Quick Scan နဲ့ပဲ အသုံးပြုပါတယ်..။ အောက်ကပုံလေးတွေအတိုင်း စောင့်နေပေးလိုက်ပါ..။ 1-Click ကို နှိပ်ပြီး Fix ဖြစ်အောင် လုပ်ပေးလိုက်ပါ..။ အမှန်ခြစ်လေးတွေ ပေါ်လာရင်တော့ ဒီကောင်လေးကို ပိတ်ပစ်ပြီး စက်ကို Restart ပေးပြီးမှ ဆက်ပြီး အသုံးပြုပါ..။ မျှားနီနဲ့ ပြထားတဲ့ နေရာတွေမှာတော့ တခြား အသုံးဝင်တဲ့ Features တွေကို ဝင်ပြီး အသုံးပြုလို့ ရပါတယ်..။ မိမိတို့ကိုယ်တိုင်ပဲ ဆက်လက်လေ့လာ ကြည့်ပါ..။ အားလုံးပဲ အဆင်ပြေပါစေ..။ [...]
Mon, Feb 10, 2014
လွင်မင်းဗိုလ်
ဓါတ်ပုံတွေကို ပြင်ဆင် တည်းဖြတ်လို့ ရတဲ့ ဒီဆော့ဝဲလ်လေးကတော့ Photoshop လိုပဲ Tool တွေ Effects တွေကို စုံလင်စွာ အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ ဒီကောင်လေးမှာ ဂျာမန်စာသားတွေနဲ့ ပေါ်နေမှာ ဖြစ်ပြီး E-လို ပြန်ပေါ်အောင် Install ထည့်ပြီးမှ သွားပြောင်းပေးရမယ့် နေရာလေးတွေကို အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒေါင်းလော့ဖိုင်လေးထဲမှာလည်း Notepad လေးနဲ့ ကီးတွေအပြင် E-လိုပြောင်းပေးရမယ့် ဖိုင်နာမည်လေးကိုပါ ရေးထည့်ပေးထားလို့ စာဖတ်နိုင်တဲ့သူများအတွက်ပါ အဆင်ပြေစေပါတယ်..။ ဒီဆော့ဝဲလ်လေးမှာ ဓါတ်ပုံတွေကို ပြင်ဆင်ဖို့ Tool တွေ အတော်စုံတဲ့အတွက် ဓါတ်ပုံပြင်ဆင်၊ ဖြတ်ဆက် ပြုလုပ်လိုတဲ့ သူများအတွက် ဆောင်ထားသင့်တဲ့ ဆော့ဝဲလ်ကောင်းလေးတစ်ခုပါ..။ အသုံးပြုလိုတဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 73 MB ရှိပါတယ်..။ကျနော့်ဆီမှာ Upload Speed တအားနှေးနေတဲ့အတွက် ဒီနေ့တင်ပေးတဲ့ ဆော့ဝဲလ်တွေကို Upload ဆိုဒ်တခုမှာပဲ တင်ပေးလို့ ရပါတယ်..။ ဒါကြောင့် အောက်က ဘယ်လင့်ကနေပဲ သွားသွား အဲ့ဒီဆိုဒ်ဆီကိုပဲ ရောက်မှာဖြစ်ပါတယ်..။Avanquest Photo Explosion Deluxe 5.01.26070 Bilingual Final(OR) Avanquest Photo Explosion Deluxe 5.01.26070 Bilingual Finalဒီကောင်လေးကို အောက်ကပုံလေးတွေအတိုင်း Install ထည့်ပါတယ်..။ Notepad ထဲမှ ကီးတွေကို အောက်ကပုံလေးအတိုင်း copy-paste နဲ့ ထည့်ပြီး ဆက်သွားလိုက်ပါ..။ Install ပြီးသွားလို့ OK ပေးလိုက်ရင်တော့ ဒီဆော့ဝဲလ်ကို Register လုပ်ရမယ့် ဘောက်စ်လေးပေါ်နေမှာ ဖြစ်ပြီး အရင်ပိတ်ရမှာ ဖြစ်လို့.. အောက်ကပုံလေးအတိုင်း Taskbar မှာ Right Click ထောက်ပြီး Task Manager ကို ခေါ်ပြီး ဒီဆော့ဝဲလ်ကို ပိတ်ပစ်ရပါတယ်..။ အောက်ကပုံလေးတွေ အတိုင်းပါ..။ အပေါ်ပုံအတိုင်း End task ကနေ ဒီဆော့ဝဲလ်ကို ပိတ်ပစ်ပြီးရင်တော့ Notepad လေးနဲ့ ရေးထည့်ပေးထားတဲ့အတိုင်း C: ထဲက ဒီကောင်လေးရဲ့ ဖိုဒါလေးမှာ "de" ဖိုင်လေးကို "en" လို့ ပြောင်းပေးရမှာ ဖြစ်ပါတယ်..။ အောက်ကပုံလေးတွေ အတိုင်းပါ..။အပေါ်ပုံကတော့ ဂျာမန်စာသားတွေနဲ့ ပေါ်နေတာဖြစ်လို့ အောက်ကပုံလေးအတိုင်း de ဖိုင်လေးကို C: ထဲမှာ သွားရှာပြီး en လို့ ပြောင်းပေးလိုက်ပါ..။ Enter နှိပ်ပြီး Continue စာသားကို ဆက်နှိပ်ပေးလိုက်ပါ..။ ပြီးရင်တော့ အဲ့ဒီ ဖိုဒါလေးထဲမှာပဲ အောက်ဆုံးကို ဆွဲချပြီး အောက်ကပုံမှာ ပြထားတဲ့ ပုံလေးကို ကလစ်ပြီး ဖွင့်သုံးလို့ ရပါပြီ..။ မိမိတို့ရဲ့ Desktop မှာ ဒီဆော့ဝဲလ်ရဲ့ Icon လေး ပေါ်မနေရင်တော့ အောက်ကပုံမှာ ပြထားတဲ့ အဲ့ဒီပုံလေးပေါ်မှာ Right Click >> Send to desktop ကို ကလစ်ပြီး ပုံလေးရဲ့ ရှော့ကပ်ကို ထုတ်ထားလို့ ရပါတယ်..။ အပေါ်ပုံအတိုင်း ဖိုင်နာမည်လေး ပြောင်းပြီးသွားရင်တော့ ဖွင့်လိုက်တဲ့အခါ အောက်ကပုံလေးအတိုင်း E-လို စာသားတွေနဲ့ ပြောင်းလဲပေါ်နေတာကို မြင်ရပါပြီ..။ အောက်ကပုံမှာ [...]
Mon, Feb 10, 2014
လွင်မင်းဗိုလ်
8 Feb 14, 06:25 PMsai: ကိုလွင် ရေ .. ကျွန်တော် အစ်ကို့ရဲ့ ဆိုဒ် မှာပဲ ကွန်ပြူတာနဲ့ ပတ်သက်ပြီး အတော် အတန် လေ့လာ တတ်မြောက် ခဲ့သူ တစ်ယောက်ပါ ... အခု လည်း ကျွန်တော် winzip software လေး လိုလာလို့ လာနားပူပါရစေ ဗျာ ...။ ဒီ WinZip ဆော့ဝဲလ်လေးက နောက်ဆုံးထွက် Update လေးဖြစ်ပြီး.. ကျနော်တို့ ကွန်ပျူတာတွေ တိုင်းမှာ မရှိမဖြစ်ဆော့ဝဲလ်တခုဖြစ်တဲ့ WinRAR ဆော့ဝဲလ်လိုပဲ ဖိုင်တွေဖြည်တာ၊ ဖိုင်ချုပ်တာ၊ ဖိုင်တွေကို အပိုင်းတွေခွဲတာ စသဖြင့် WinRAR လိုပဲ အသုံးဝင်တဲ့ အသုံးပြုလို့ ရတဲ့ ဆော့ဝဲလ်လေးပဲ ဖြစ်ပါတယ်..။ WinRAR ထက် ဒီကောင်လေးမှာ အသုံးပြုလို့ရတဲ့ Tool တွေ ပိုများ၊ ပိုစုံပါတယ်..။ WinRAR မှာ မပါခဲ့တဲ့ Resize Photo, Watermark, Convert to PDF, Backup စတဲ့တူးတွေနဲ့ နောက်ထပ် အသုံးဝင် တူးတွေအများကြီးကို ဒီကောင်လေးတခုထဲနဲ့ အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် key တွေထည့်ပေးထားပြီ.. မိမိတို့ ဝင်းဒိုး ဗါးရှင်းနဲ့ ကိုက်ညီတဲ့ 32 or 64-bit ဗါးရှင်းကို အောက်ကလင့်တွေကနေ ရွေးယူ၊ ဒေါင်းယူ အသုံးပြုနိုင်ပါသည်..။ ကီးတွေထည့်တတ်အောင် အောက်မှာ ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။ WinZip Pro 18.0 Build 11023 Final (32-bit) 39.8 MB or hereandWinZip Pro 18.0 Build 11023 Final (64-bit) 42.9 MBor hereကျနော့် ဝင်းဒိုးက 64-bit ဗါးရှင်းဖြစ်တဲ့အတွက် 64-bit ဆော့ဝဲလ်နဲ့ ကီးတွေ ထည့်ပြပေးထားပါတယ်..။Install ထည့်ပြီးရင်တော့ ဖွင့်ပြီး အောက်ကပုံလေးတွေအတိုင်း Key တွေကို ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ အောက်ကပုံမှာ ပြထားတဲ့အတိုင်း အသုံးဝင် Tools တွေကတော့ အများကြီးပါပဲ..။ တခုစီ အသုံးပြုတတ်ဖို့ကိုတော့ မိမိတို့ကိုယ်တိုင်ပဲ လေ့လာပြီး အသုံးပြုရမှာပါ..။ အားလုံးပဲ အဆင်ပြေပါစေ..။ [...]
Mon, Feb 10, 2014
လွင်မင်းဗိုလ်
DVD မှ Video တွေကို ကြည့်တဲ့အခါ၊ English, Chinese, Thailand စသဖြင့် Subtitle လို့ခေါ်တဲ့ စာတန်းထိုးတွေကို မိမိတို့ ဖတ်တတ်တဲ့ ဘာသာစကားနဲ့ စာသားတွေကို ရွေးယူပြောင်းကြည့်လို့ ရတတ်တဲ့၊ Subtitle ပါတဲ့ ရုပ်ရှင်ကားတွေအတွက် ဒီဆော့ဝဲလ်လေးနဲ့ မိမိတို့ အသုံးပြုလိုတဲ့ Subtitle စာသားတွေကို Edit/Create စသဖြင့် မိမိတို့ စိတ်တိုင်းကျ ဖန်တီးယူနိုင်မှာ ဖြစ်ပါတယ်..။ ကျနော့်သူငယ်ချင်း တစ်ယောက်က Video တွေမှာ စာတန်းထိုးလို့ရတဲ့ ဒီလို Subtitle Editor ဆော့ဝဲလ်လေးတွေနဲ့ လုပ်နည်းတွေကို တင်ပေးဖို့ တောင်းထားတာ ကြာပါပြီ..။ ဒီနေ့မှပဲ ဒီဆော့ဝဲလ်နဲ့ အသုံးပြုနည်း Video ဖိုင်လေးတွေကို ရှာပြီး တင်ပေးဖြစ်ပါတော့တယ်..။ ဝါသနာပါတဲ့သူများအတွက် ဒီပိုစ့်ရဲ့ အောက်ဆုံးမှ Video ဖိုင်လေးတွေနဲ့ ဒီဆော့ဝဲလ်ကို အလွယ်တကူ လေ့လာ အသုံးပြုတတ်ပါလိမ့်မယ်..။ ဒီကောင်လေးတွေက ဖရီးဆော့ဝဲလ်လေးတွေ ဖြစ်ပြီး ဒီပိုစ့်မှာ Setup ဖိုင်အပြင် Portable လေးနဲ့ပါ ၂-မျိုးသုံးလို့ ရအောင် ပူးတွဲတင်ပေးလိုက်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 8.8 MB ရှိပါတယ်..။Subtitle Edit 3.3.13 Final + Portable (OR)Subtitle Edit 3.3.13 Final + Portable Portable လေးကတော့ ၂-ချက်ကလစ်ပြီး အသုံးပြုနိုင်ပါပြီ..။ Setup ဖိုင်ကတော့ Install ထည့်ပြီးမှ အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ အောက်က Video ဖိုင်လေးတွေကို ကြည့်ပြီး လေ့လာလို့ အဆင်ပြေ တတ်မြောက်မှာ ဖြစ်ပါတယ်..။ အားလုံးပဲ လုပ်တတ်၍ အဆင်ပြေကြပါစေ..။ [...]
Sun, Feb 09, 2014
လွင်မင်းဗိုလ်
kowai yan; 5 February 2014 19:36ashampoo burning studio 12 ဖူသုံးချင်လို့ပြန်တင်ပေးပါလားအကို အကိုတင်ထားတဲ့ဟာက delete ဖြစ်သွားပြီးအကို ကျေးဇူးပါပဲ CD/DVD အခွေ Burn တဲ့ ဆော့ဝဲလ်တွေထဲမှာ ဒီကောင်လေးကလည်း နာမည်ရှိတဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါ..။ နောက်ဆုံးထွက် Update ဗါးရှင်းအသစ်လေးကိုပဲ တင်ပေးလိုက်ပါတယ်..။ ဒီကောင်လေးမှာ Burning အပြင် တခြား အသုံးပြုလို့ ရတဲ့ Features တွေကတော့.. ဓါတ်ပုံတွေကို DVD ဆလိုက်ရှိုး ဖန်တီးယူနိုင်မှာ ဖြစ်ပြီး၊ CD/DVD တွေအတွက် Cover မျက်နှာဖုံး တွေကိုပါ ဖန်တီးယူနိုင်မှာ ဖြစ်ပါတယ်..။ ISO ဖိုင်တွေကို Disc Image အဖြစ် CD/DVD နဲ့ Burn လို့ ရမှာ ဖြစ်ပြီး ၊ Blu-ray DVD နဲ့ DVD Copy အပြင်၊ VCD နဲ့ SVCD အခွေတွေကိုပါ ဒီကောင်လေးနဲ့ အသုံးပြု Burn နိုင်ပါတယ်..။ ဟိုးအရင်တုန်းက ကျနော်ပိုစ့်တင်ပေးခဲ့ဖူးတဲ့ CD/DVD နဲ့ အခွေ Burn နည်း လမ်းညွှန်ပိုစ့်ကို ဒီ Ashampoo Burning Studio ဆော့ဝဲလ်နဲ့ လုပ်ပြပေးခဲ့တာ ဖြစ်ပါတယ်..။ ပုံလေးတွေနဲ့ လုပ်ပြပေးထားဖူးတဲ့ အဲ့ဒီပိုစ့်ကို မသိသေးတဲ့သူများ လေ့လာလိုရင်တော့ ဒီမှာကလစ်ပြီး ပြန်ကြည့် လေ့လာနိုင်ပါတယ်..။ အခုဒီနောက်ဆုံးထွက် Update အသစ်လေးကို crack ဖိုင်လေးနဲ့ ဖူးဖြစ်အောင် လုပ်ပြီး အသုံးပြုရမှာဖြစ်လို့ အောက်မှာလည်း ပုံလေးတွေနဲ့ ဖူးဖြစ်အောင် လုပ်ပြပေးထားပါတယ်..။ ဆော့ဝဲလ်ကို မူရင်းဆိုဒ်မှ ဒါရှိုက်လင့်နဲ့ ချိတ်ပေးထားပြီး၊ 167 MB ရှိပါတယ်..။ ဖူးဖြစ်အောင် လုပ်ပေးရမယ့် crack ဖိုင်လေးကိုတော့ သီးသန့် ခွဲပြီး တင်ပေးထားလို့ အသုံးပြုလိုတဲ့ သူများကတော့ ဆော့ဝဲလ်နဲ့ crack နှစ်ခုစလုံးကို ဒေါင်းယူရမှာ ဖြစ်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ crack ဖိုင်လေးကတော့ 430 kb ပဲ ရှိပါတယ်..။Ashampoo Burning Studio 14 Build 14.0.3.12 Final (167 MB) Ashampoo 14 crk (430 kb)(OR)Ashampoo 14 crk (430 kb)ဒီဆော့ဝဲလ်ကို Install ထည့်ပြီးရင်တော့ အပေါ်ပုံအတိုင်း ပိတ်ပစ်လိုက်ပါ..။ ပြီးရင်တော့ အောက်ကပုံလေးအတိုင်း crack ဖိုင်လေးကို ၂-ချက်တောက်ပြီး Run ပြီး Yes >> OK ပေးလိုက်ရင် ဒီနောက်ဆုံးထွက် Update လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ အားလုံးပဲ အဆင်ပြေကြပါစေ..။ [...]
Sat, Feb 08, 2014
လွင်မင်းဗိုလ်
YouTube မှ သီချင်း Video တွေကို ဒေါင်းယူလိုရင်တော့ ဒီဒေါင်းလော့ဒါလေးနဲ့လည်း အဆင်ပြေ လွယ်ကူစွာ ဒေါင်းယူနိုင်ပါတယ်..။ IDM အသုံးပြုလို့ မရတဲ့ မိတ်ဆွေတို့အတွက် ဒီလို YouTube ဒေါင်းလော့ဒါလေးတွေကလည်း မရှိမဖြစ် အသုံးဝင်တဲ့အတွက် ဆောင်ထားသင့်ပါတယ်..။ ဒီကောင်လေးက နောက်ဆုံးထွက် Portable လေးဖြစ်လို့ ၂-ချက်တောက်ပြီး အဆင်သင့် အသုံးပြုယုံပါပဲ..။ အသုံးပြုရတာ လွယ်ကူပြီး အောက်မှာလည်း ပုံလေးတွေနဲ့ အသုံးပြုတတ်အောင်ပါ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 9.3 MB ရှိပါတယ်..။YouTube Downloader HD 2.9.9.13 Final Portable(OR)YouTube Downloader HD 2.9.9.13 Final Portableမိမိတို့ ဒေါင်းယူလိုတဲ့ YouTube မှ သီချင်း Video တွေကို အောက်ကပုံလေးအတိုင်း သီချင်းရဲ့ လိပ်စာကို copy ယူပြီး အပေါ်ပုံမှာ မျှားနီပြထားတဲ့ နေရာမှာ paste နဲ့ ထည့် ဒေါင်းယူယုံပါပဲ..။ အောက်ဆုံးပုံလေးတွေအတိုင်း မြင်ရမှာ ဖြစ်ပါတယ်..။ သီချင်းရဲ့ လိပ်စာကို အပေါ်ပုံအတိုင်း ထည့်ပြီး Download စာသားကို နှိပ်ဒေါင်းယူပါ..။ 100% ထိပြည့်အောင် အောက်ကပုံလေးအတိုင်း စောင့်နေပေးပြီး၊ 100% ပြည့်သွားရင်တော့ Open စာသားကို ကလစ်ပြီး သီချင်း Video ဖိုင်ကို ဝင်ယူလို့ ရပါပြီ..။ အားလုံးပဲ အဆင်ပြေပါစေ..။ [...]
Sat, Feb 08, 2014
လွင်မင်းဗိုလ်
Skype အသုံးပြုသူများအတွက် အဆင်ပြေစေမယ့် ဆော့ဝဲလ်လေးပါ..။ မိမိတို့စက်ထဲမှာ ဒီကောင်လေးကို Install ထည့်ထားလိုက်ရင် မိမိတို့ Skype မှာ Chat ထားတဲ့ Video တွေကို ဒီကောင်လေးနဲ့ Record ဖမ်းယူထားလို့ ရမှာ ဖြစ်ပါတယ်..။ ဖလင်ပုံလေးမှာ ကလစ်ပြီး အသံနဲ့ရုပ်ကို သီးသန့်ခွဲပြီး ဖမ်းယူလို့ရမှာလည်း ဖြစ်ပါတယ်..။ အသုံးပြုရတာလည်း လွယ်ကူပြီး ဒီကောင်လေးကို အရင်က ပိုစ့်တခုမှာ အနည်းငယ် အသုံးပြုပြပေးထား ပါတယ်..။ ပြန်ကြည့်လိုတဲ့ သူများကတော့ ဒီနေရာကို ကလစ်ပြီး ပြန်ကြည့်နိုင်ပါတယ်..။ ဖူးသုံးလို့ ရအောင် ဒေါင်းလော့ဖိုင်ထဲမှာ Keygen လေးပါ ထည့်ပေးထားလို့.. Register မှာ ကီးတွေကို ဒီ Keygen ထဲက ထုတ်ယူထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ အောက်မှာလည်း ပုံလေးတွေနဲ့ ပြပေးထားပါသေးတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 10 MB ရှိပါတယ်..။ Evaer Video Recorder for Skype 1.5.2.11 Final(OR) Evaer Video Recorder for Skype 1.5.2.11 Final Install ထည့်ပြီးရင်တော့ အေက်ကပုံလေးအတိုင်း ကီးတွေကို ထည့်ပေးလိုက်ပါ..။ keygen မှ Generate ကို နှိပ်ပြီး ကီးတွေကို ယူထည့်ပေးလိုက်ပါ..။ အောက်ကပုံလေးအတိုင်း Successfully ဆိုရင်တော့ ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ Skype အသုံးပြုတဲ့အခါတိုင်း အလိုလို Recording လုပ်ပေးမှာ ဖြစ်လို့ အသုံးပြုရတာ ပိုမိုလွယ်ကူစေပါတယ်..။ အားလုံးပဲ အဆင်ပြေပါစေ..။ [...]
Sat, Feb 08, 2014
လွင်မင်းဗိုလ်
မနေ့က Comment မှာ ဖိုင်တွေကို ဖြည်လိုက်ရင် Error တက်တယ်ဆိုလို့၊ ဒီနေ့ Upload ဆိုဒ်အသစ်တွေမှာ ပြောင်းတင်ပေးလိုက်ပါတယ်..။ အဆင်မပြေတဲ့ သူများရှိခဲ့ရင် ထပ်ပြီး Comment တွေနဲ့ အကြောင်းကြားပေးခဲ့ပါ..။ ဒီလိုအကြောင်းကြားတဲ့လူရှိမှ ကျနော့်ဘက်က စမ်းသပ်ပြီး ပြင်ပေးလို့ ရမှာ ဖြစ်ပါတယ်..။IDM နောက်ဆုံး Update လေးပါ..။ Browser တွေ Update တက်သွားတိုင်း IDM တွေ အလုပ်မလုပ်တော့တဲ့အတွက် ဒီလို IDM နောက်ဆုံးထွက်လေးတွေကို Install ထပ်ထည့်ပေးမှ IDM ကို အသုံးပြုလို့ ရတာပါ..။ နောက်ဆုံး Update ကို Install ထည့်ပြီးရင်တော့ ဖူးသုံးလို့ မရတော့ပဲ Serial Key တောင်းပါတယ်..။ အဲ့လိုဖြစ်နေတဲ့ သူများကတော့ ဒီနောက်ဆုံး Update ဖိုင်လေးထဲမှ crack or patch နဲ့ ဖူးဖြစ်အောင် ပြန်လုပ်ပေးပြီး ဆက်ပြီး အသုံးပြုလို့ ရပါတယ်..။ ဒီဒေါင်းလော့ဖိုင်လေးထဲမှာ patch ဖိုင်လေးနဲ့ crack ဖိုင်လေး ၂-မျိုးကို ပေါင်းထည့်ပေးထားပါတယ်..။ ဖူးဖြစ်အောင် လုပ်နည်းတွေက Blog ညာဘက် အပေါ်ဆုံးမှာ တင်ပေးထားတဲ့ ပိုစ့်တွေ အတိုင်းပါပဲ..။ crack နဲ့ ဖူးဖြစ်အောင် လုပ်မယ့်သူများကတော့ အောက်ကပုံမှာ ပြပေးထားတဲ့ crack ၂-ခုကို ထည့်ပေးပြီး ဖူးလုပ် အသုံးပြုနိုင်ပါတယ်..။ ဒီနောက်ဆုံးထွက် Update လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 7 MB ရှိပါတယ်..။Internet Download Manager 6.19 Build 1 Final(OR)Internet Download Manager 6.19 Build 1 Finalအပေါ်ဒုတိယလင့်မှဝင်ယူရင်တော့ အောက်ကပုံလေးမှာ မျှားပြထားတဲ့ နေရာကို ကလစ်ပြီး ဒေါင်းယူပါ..။ crack နဲ့ ဖူးဖြစ်အောင် လုပ်မယ့်သူများကတော့ နောက်ဆုံး Update ကို install ထည့်ပြီးတာနဲ့ ပိတ်ပစ်လိုက်ပါ..။ အောက်ကပုံမှာ အနီဝိုင်းပြထားတဲ့ ဖိုင်လေးကို C: ထဲက IDM ဖိုဒါလေးထဲမှာ သွားထည့်ပေးပြီး ၊ အပြာရောင်နဲ့ ဝိုင်းပြထားတဲ့ 32/64 ၂-ခုထဲက မိမိတို့ ဝင်းဒိုးဗါးရှင်းနဲ့ တူတဲ့ ဖိုင်လေးကို ၂-ချက်တောက်ပြီး Run ပေးလိုက်ရင် IDM နောက်ဆုံးထွက်တွေကို ဖူးသုံးလို့ ရသွားပါပြီ..။ အားလုံးပဲ အဆင်ပြေပါစေ..။ [...]
Thu, Feb 06, 2014
လွင်မင်းဗိုလ်
Share

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>